လယ်ဝေးမြို့နယ်ရုံးတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီနှင့် ကဗျာရွတ်ပြိုင်ပွဲ၊ ဟောပြောပွဲများ ကျင်းပ

လယ်ဝေး ဖေဖော်ဝါရီ ၉

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၉ နာရီက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းမျဥ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန၌ အလယ်တန်းအဆင့် ပန်းချီ​ပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲများအား ကျင်းပရာ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ၃၄ ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပရာ မြို့နယ်ဦးစီးမှူးက ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ပန်းချီပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲတွင် ဆုရရှိသူ ၈ ဦးတို့အား ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ၂ ဆုတို့အား မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများက ဆုများချီးမြှင့်ပေးခဲ့ပြီး (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုက်ထိုက်(ပြန်/ဆက်)