မိုးညှင်း ဖေဖော်ဝါရီ ၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသည့် (၇၇)နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရာတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ လူအများရှေ့တွင် ရဲရဲဝံ့ဝံ့ပြောဆိုတတ်စေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ အ.ထ.ကခွဲ (နားခါ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ကဗျာရွတ်၊ စာဖတ် စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ကျင်းပခဲ့ရာ ယင်းပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း