မိုင်းခတ် ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ အတန်းတင်နောက်ဆုံးစာမေးပွဲ ဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) သို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းခတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ စခန်းတာဝန်ခံ ဦးစိုင်းဇင်ကိုလတ်နှင့် အဖွဲ့ဝင်များက အခြေခံပညာကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ ဖြည့်တင်းထားရှိစေရေးအတွက် ဆောင်ရန်ရှောင်ရန်များ၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များနှင့် မီးလောင်စဉ် မီးသတ်ဆေးဘူးများ စနစ်တကျအသုံးပြုပုံတို့ကို အသိပညာပေးရှင်းလင်းပြောကြားရာ အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်နိုင်က စာသင်ခန်းအတွင်း မီးသတ်ဆေးဘူးများ ထားရှိဆောင်ရွက်မှုအခြေအနေတို့ကို လိုက်လံပြသခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်)