မုဒုံမြို့ ရွှေဟင်္သာစျေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

မုဒုံ ဖေဖော်ဝါရီ ၉

မွန်ပြည်နယ် မုဒုံမြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် နာရီက ရွှေဟင်္သာ​စျေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ စနစ်တကျ ကြိုတင်ဆောင်ရွက်ရန် ပညာပေးဟောပြောပြီး၊ မီးသတ်ဆေးဘူး အသုံးပြုပုံ၊ မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြသသည်။ ထို့နောက် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် စျေးသူစျေးသားများက မီးလောင်မှုဖြစ်ပွားပါက မီးသတ်ယာဥ်ဖြင့် မီးငြှိမ်းသတ်နည်းကို ပူးပေါင်းလေ့ကျင့်ခဲ့ကြသည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးကျော်စိုးမင်းနှင့် ဝန်ထမ်းများ၊ စျေးသူစျေးသားများ (၃၀) ဦး တက်​ရောက်ခဲ့ကြပြီး စျေးတွင်ဆိုင်ခန်းပေါင်း ၄၃၈ ခန်းရှိကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ရေကန် ဂါလန် ၄၀၀၀ ဆံ့၊ ၂၂၅၀ ဆံ့၊ ၁၂၅၀ ဆံ့ ရေကန်သုံးခုနှင့် မီးသတ်ရေငုတ်လေးခုရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)