စမ်းချောင်းမြို့နယ်၌ ဘုန်းတော်ကြီးကျောင်းများ၊ ဗလီနှင့် ခရစ်ယာန်ဘုရားရှစ်ခိုး ကျောင်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

စမ်းချောင်း ဖေဖေါ်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဗလီနှင့် ခရစ်ယာန်ဘုရားရှစ်ခိုး‌ကျောင်းများအား မီးလောင်မှုမီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက် () နာရီခွဲအချိန်က လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို ဆောင်ရွက်ရာတွင်စမ်းချောင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာစိုး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးသူရဆွေနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စမ်းချောင်းမြို့နယ် ဗားကရာကျောင်းတိုက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဗလီနှင့် ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းများ အား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးလောင်မှုမီးလန့်မှု များ မဖြစ်ပွားစေရေးအတွက်၊ မီးကိုစနစ်တကျ သုံးစွဲရန်နှင့် မီးသတ်ဆေးဘူးများ ထာရှိရန်၊ မီးသတ်‌ဆေးဘူးများကို စနစ်တကျ အသုံးပြုတတ်‌စေရန် လှည့်လည်အသိပေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

ဖြူသွယ်ထွန်း