လဲချား ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် သတင်းတု၊ သတင်းမှားနဲ့ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီခွဲ အချိန်က ရပ်ကွက် (၄) အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်ရဲမှူး ရဲထွန်းဦးမှ သတင်းတုသတင်းမှားနဲ့ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သတင်းတု သတင်းမှားနဲ့ပတ်သက်၍ ဥပဒေကြောင်းဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးအောင်သီဟဟိဏ်းမှသတင်းတု၊ သတင်းမှားဆိုသည်မှာကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ ကျင့်ဝတ်ဖောက်ဖျက် မီဒီယာများအား ရှုတ်ချခြင်းကိုလည်းကောင်း၊ ဆက်သွယ်ရေးတာဝန်ခံ ဒေါ်မြင့်မြင့်ရီမှ သတင်းတု သတင်းမှားများနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များအားလည်းကောင်း၊ ဒုရဲမှူးသိန်းနိုင်မှ online လည်လိမ်မှုများ သတိပြုရန်အားလည်းကောင်းအသီးသီး ပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ပြည်သူများမှသိလိုသည့် မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
လဲချား (မြို့နယ် ပြန်/ဆက်)