သာကေတ ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ် (၁၈) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ၁၀ မြောက်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၀င် ၂ ဦးညွှန့်ဝေမှ အဖွင့်အမှာစကားပြောကြား၍ အရှေ့ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူမှ အားကစားအသိပညာပေးဟောပြောခြင်း၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်လာစေရန်နှင့် လူငယ်ရေးရာ အခန်းကဏ္ဍအား ဟောပြောခဲ့ပြီး ကျောင်းသား/ သူများအား အားကစားဆိုင်ရာ ဉာဏ်စမ်းများမေးမြန်းကာ ဆုများချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီးမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးညွှန့်၀င်းက လူငယ်နှင့်မူးယစ်ဆေး၀ါးအန္တရာယ် ခေါင်းစဥ်ဖြင့်လည်းကောင်း မြို့နယ်အားကစားမှူး ဒေါ်ခင်ကောင်းစံမှ ၊အားကာသိပ္ပံဆိုင်ရာများ ဟောပြောကာ၊ တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများနှင့်အတူ ကိုယ်လက်လှုပ်ရှားအားကစား Fitness Dance အား ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)