ဒဂုံမြောက် ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မီးသတ်ဉီးစီးဌာနမှ ဒဂုံရွှေပြည်စျေးနှင့် မဟာမြိုင်စျေးတို့ကို မီးဘေးဆိုင်ရာအသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် မီဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အတွင်း အမှတ် (၃၀) ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ ဒဂုံရွှေပြည်စျေးနှင့် အမှတ် (၃၄) ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ မဟာမြိုင်စျေးတို့တွင် မီးသတ်ဦးစီးမှူး ဦးတင်ထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ စျေးတာဝန်ခံနှင့် စျေးစည်ပင်သာယာရေး အဖွဲ့ဝင်များသည် စျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခဲ့ပြီး အမှတ် (၃၀) ရပ်ကွက်၊ ငွေသီရိလမ်းတွင် တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ