ဒဂုံတောင် ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ပြည်သူများ မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေးတို့အတွက် လိုက်လံစစ်ဆေးခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးသတ်ဦးစီးဌာနမှ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့နံနက် ၁၁ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၁၉၊၂၀) ရပ်ကွက်များရှိ mini market (၄) ခုအား မီးဘေးလုံခြုံရေးအတွက် မီးသုံးစွဲနေသည့် အခြေအနေများကို လိုက်လံစစ်ဆေးပေးပြီး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ ဆောင်ရန်၊ ရှောင်ရန်များကို လိုက်လံစစ်ဆေး အကြံပြုပေးကြောင်း သိရသည်။
ထိုသို့ အသိပညာပေးစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်သူ ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့များက mini market များတွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို mini market တာဝန်ရှိသူများနှင့် တန်ထမ်းများကို အသိပညာပေးပြောကြားကာ လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။
သန်းသန်းအေး