မိုင်းပျဉ်းမြို့ အထကခွဲကျောင်း၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးပွဲကျင်းပ

မိုင်းပျဉ်း ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မီးသတ်ဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသူရမောင်က သဘာဝဘေးအန္တရာယ်/ ဘေးအန္တရာယ်မဖြစ်ပွားမီ ကြိုတင်သိရှိပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဖြစ်ပွားလာပါက မိမိကိုယ်တိုင်နှင့် ပတ်ဝန်းကျင်အား ကူညီဆောင်ရွက်ပေးနိုင်မည့်နည်းလမ်းများ၊ ဖြစ်ပွားပြီးပါက ဆောင်ရွက်ရမည့်နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မီးသတ်ဦးစီးဌာနဝန်ထမ်းများက ဘေးအန္တရာယ်ဖြစ်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများကို လက်တွေ့သရုပ်ပြ သင်ကြားပြသပေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးအစီအစဉ်အား အထကခွဲကျောင်းမှ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများကို ဟောပြောသရုပ်ပြ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ အခမ်းအနားသို့ မီးသတ်ဦးစီးဌာန၊ အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)