ဆင်ဘို ဖေဖော်ဝါရီ ၉
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့်(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ စာရေးဆရာ မိုသျှန်းရေးသားသည့် “လူကြီးလူငယ်နှင့်ခေတ်အမြင်ခေတ်အတွေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပရာ အလယ်တန်းပြဆရာမ ဒေါ်ဆန္ဒီစိုးမြင့်က ဦးဆောင်ဆွေးနွေးပြီး အခြေခံပညာအထက်တန်းကျောင်း(ဆင်ဘို)မှ ကျောင်းသား/ ကျောင်းသူများက စာအုပ်ပါအကြောင်းအရာ အသီးသီးဖြင့် ပါဝင်ဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူမှ ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။
ထို့နောက် ဆင်ဘိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ကျောင်းသား/သူများ စိတ်ဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့ကြသည်။
ဆင်ဘို(ပြန်/ဆက်)