ဒဂုံတောင် ဖေဖော်ဝါရီ ၉
မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာများ ကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက် ၈ နာရီ ၃၀ မိနစ်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ထောင်စုလမ်းရှိ မြန်မာ့စီးပွာားရေးဘဏ်တွင် မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းနှင့် ဝန်ထမ်း (၁၅) ဦးအား အသိပညာပေးဟောပြောမှုနှင့်အတူ မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းတို့ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်သူက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ထောင်စုလမ်းရှိ မြန့်မာ့စီးပွားရေးဘဏ်တွင် မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ပေးခြင်းနှင့် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးနည်းလမ်းများကို အကျယ်တဝင့်အသိပညာပေး ဟောပြောပေးပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဂက်(စ်)မီးဖို၏ မီးတောက်မီးလျှံများ မီးငြှိမ်းသတ်နည်း၊ စက်သုံးဆီများ မီးလောင်ကျွမ်းမှုအပေါ် ငြှိမ်းသတ်မှုနည်းလမ်းများ၊ မီးသတ်ဆေးဘူးအသုံးပြုပုံများ၊ မီးသတ်ပိုက်ဖြင့်မီးငြှိမ်းသတ်ပုံတို့ကို တက်ရောက်လာသော ဝန်ထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။
သန်းသန်းအေး