နေပြည်တော် ဇန်နဝါရီ ၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၃) နှစ်မြောက် နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်များအား ထပ်ဆင့်ရှင်းလင်းပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးတွင် ကျင်းပခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ တိုင်းဦးစီးမှူး/ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ဦးစီးဌာန၏ ၃၃ နှစ်မြောက် နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့၏ လမ်းညွှန်မှာကြားချက်များနှင့် ၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်ရမည့် နိုင်ငံတော်အဆင့် အခမ်းအနားများတွင် ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ရဲ့တာဝန်နှင့် ဝတ္တရာများကို သိရှိနားလည်ပြီး လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အနာဂတ်တိုင်းပြည်၏ အားကိုးအားထားပြုရသည့် မျိုးဆက်သစ်ခေါင်းဆောင်များ ဖြစ်လာစေရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်စေရေးအတွက် လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားကြရန်နှင့် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန် အောင်မြင်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်၊ မြို့နယ်များမှ ဦးစီးမှူးများက ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို သုံးသပ်ဆွေးနွေးကြသည်။
ဆက်လက်၍ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လူထုအခြေပြုဗဟိုဌာနလုပ်ငန်း၊ အသိပညာပေးလုပ်ငန်း၊ လူငယ်ရေးရာအသိပညာပေးလုပ်ငန်း ဆောင်ရွက်ချက်များ၊ သတင်းရေးသားပေးပို့မှုအခြေအနေများ၊ စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်မှုအပေါ် အားသားချက်၊ အားနည်းချက်များ ပြန်လည်သုံးသပ်ဆွေးနွေးခြင်းနှင့် ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ခရိုင်နှင့်မြို့နယ်ဦးစီးမှူးများ၊ စာကြည့်တိုက်တာဝန်ခံဒုတိယဦးစီးမှူးများနှင့် ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းများက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)