မြစ်ကြီးနားမြို့ (Community Centre) ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၉

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်း၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို (ကသာ)က ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး "ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တိုင်းရင်းသားများ စည်းလုံး ညီညွတ်စို့" ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲအား ဆက်လက်ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲတွင် မြစ်ကြီးနားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုရရှိသူများအား မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခေါန်ဆိုင်း၊ စာရေးဆရာအကြီးကိုကို(ကသာ)နှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်များနှင့် အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယော်ဆောင်(ပြန်/ဆက်)