တပ်ကုန်း ဖေဖော်ဝါရီ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၄၀) နှစ်အထက် အမျိုးသားဘောလုံးအကြိုဗိုလ်လုပွဲစဉ်ကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည်။
အဆိုပါ အကြိုဗိုလ်လုပွဲစဉ်တွင် ဘုရင့်နောင်ရပ်ကွက်အသင်းနှင့် ဗိုလ်မင်းရောင်ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဗိုလ်မင်းရောင်ရပ်ကွက်အသင်းက ဘုရင့်နောင်ရပ်ကွက်အသင်းကို (၂) ဂိုး၊ (၃) ဂိုးဖြင့် အနိုင်ရရှိခဲ့၍ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ကြောင်း သိရပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၄၀) နှစ်အထက် အမျိုးသားဘောလုံးပြိုင်ပွဲကို ပတ်လည်ယှဉ်ပြိုင်ကစားခဲ့ပြီး၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်