ဥတ္တရသီရိမြို့နယ်၌ တောင်သူများအား မျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးရခြင်း၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ဆွေးနွေးပွဲကျင်းပ

ဥတ္တရသီရိ ဖေဖော်ဝါရီ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာ၊ ကွင်းအမှတ် (၁၈၉၇) တောင်သူ ဦးခင်မောင်မြင့်၏ ဆင်းပဒေသာ (၁၆) မြေပဲစိုက်ခင်းတွင် ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော မျိုးကောင်းမျိုးသန့်စိုက်ပျိုးရခြင်း၏ အကျိုးကျေးဇူးများ နည်းပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မိုးမျိုးတင့်နှင့် တာဝန်ရှိသူများ၊ ဥတ္တရခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးထိန်လင်းဟန်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးနိုင်နှင့် တာဝန်ရှိသူများမှ တောင်သူများအား မျိုးကောင်း၊မျိုးသန့် စိုက်ပျိုးရခြင်း၏ အကျိုးကျေးဇူးများ၊ နည်းပညာများလိုက်နာဆောင်ရွက်ခြင်းဖြင့် ပန်းတိုင် အထွက်နှုန်းများရရှိစေရေး အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး ကောင်း၊ သင့်၊ ညံ့ သုံးနေရာ စံကွက်တိုင်း၍ ပျမ်းမျှအထွက်နှုန်း အစို ၁၂၀ တင်း၊ အခြောက်  ၈၄ တင်း ထွက်ရှိခဲ့ပြီး ဥတ္တရသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် အထွက်နှုန်းကောင်းမွန်သည့် စပါးနှင့် ဆီထွက်သီးနှံများဖြစ်ကြသော မြေပဲ၊နှမ်း၊ နေကြာမျိုးစေ့များကိုလည်း ထုတ်လုပ်ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်းသိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)