(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

ဒဂုံ ဖေဖော်ဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်း၊ မဟာဝိဇယစေတီတော်မုခ်ဦးရှေ့တွင် ယမန်နေ့ နံနက်(၇)နာရီအချိန်တွင်ကျင်းပသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေတိဂုံဘုရားလမ်း(ဦးထောင်ဘိုလမ်းမှကမ်းနားလမ်းထိ)ကတ္တရာကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်​ရေမှူးနှင့်ရပ်ကွက်နေ ပြည်သူလူထုစုစုပေါင်း(၅၀၀)ဦးခန့်တက်ရောက်ပြီး မင်္ဂလာအချိန်ဖြစ်သည့် (၀၇:၂၈)နာရီတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ တက်ရောက်လာသူများအား ရင်းနှီးစွာလိုက်လံနှုတ်ဆက်ကာ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

ဒဂုံမြို့နယ်(ပြန်/ဆက်)