ပေါင် ဖေဖော်ဝါရီ ၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းအခြေပြု ဆုံစို့-မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီမှစတင်ကာ (အ.မ.က)ဘူတာကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိခင်နှင့်ကလေးကျန်းမာရေး ဆရာမနှင့်ကျန်းမာရေးဝန်းထမ်းများက ပထမနေ့အဖြစ် ပေါင်မြို့နယ် အုပ်စု ၁ အတွင်းပါဝင်သော အခြေခံပညာကျောင်း(၈)ကျောင်းမှ (KG)တန်းကျောင်းသား၊ ကျောင်းသူ(၂၅၉)ဦးတို့အား ဆုံစို့-မေးခိုင်ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။
ပေါင်မြို့နယ်တွင် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံမည့် ကျောင်း(၁၃)ကျောင်းမှ (KG)တန်းကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၄၄၉)ဦးရှိပြီး ကျန်ရှိနေသောကျောင်းမှ (KG)တန်း ကျောင်းသား၊ ကျောင်းသူ(၁၉၀)ဦးတို့အား ဆုံစို့-မေးခိုင်ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မွန်မလေး (ပြန်/ဆက်)