သံတွဲ ဖေဖော်ဝါရီ ၈
ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကိုမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါ ကင်းဝေး သက်တမ်းစေ့နေနိုင်စေရေးအတွက် ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှ မျက်စိ အထူးကုဆရာဝန်ကြီး ကထိကဒေါက်တာမိုးစံ ဦးဆောင်သည့်အဖွဲ့သည် သံတွဲခရိုင်ပြည်သူ့ဆေးရုံ၌ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၀ရက်နေ့အထိ စသံတွဲခရိုင်အတွင်းရှိမျက်စိ ဝေဒနာရှင် များအား ကွင်းဆင်း ဆေးကုသမှုများဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ကုသရာတွင် ဖေဖေါ်ဝါရီ ၁ ရက်နေ့မှ ၇ရက်နေ့အထိ သံတွဲခရိုင်အတွင်းရှိ မျက်စိ ဝေဒနာရှင်ပြင်ပလူနာ ၃၅၇ ဦး၊ ခွဲစိတ်လူနာ ၈၃ ဦးတို့အား (အခမဲ့) စမ်းသပ်ခွဲစိတ် ကုသပေးခဲ့ပြီး ကျန်ရှိသည့်မျက်စိဝေဒနာရှင်များအား ဖေဖော်ဝါရီ၁၀ရက်နေ့ အထိဆက်လက် ကုသ ပေးသွားမည်ဖြစ်ကြောင်းသံတွဲခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)