ကျိုင်းတုံမြို့၌ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းဆင်း

ကျိုင်းတုံ ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲကို   ဖေဖော်ဝါရီ ၇ ရက်က ကျိုင်းတုံမြို့ ပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပသည်။

ဦးစွာ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။ ထို့နောက် အဆိုပါသင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ပြန်လည်ထူထောင်ရေးစခန်း (ကျိုင်းတုံ)မှ လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးသက်ထွန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ သင်တန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်ထိ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပြည်လည်ထူထောင်ရေးနှင့် ဒေသနှင့်ကိုက်ညီသင့်လျော်သော အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပို့ချဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)