မိုင်းယောင်း ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(တပ်တွင်း) ကျောင်းဝင်းအတွင်း၌ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းဆောက်လုပ်ရန် မြေသန့်နှင့်ပန္ဒက်ရိုက် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီက ကျင်းပကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယပြည်နယ်ပညာရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ ခရိုင်ပညာရေးမှူး ဦးတင့်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးအေးချို၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းဆောင်သစ်အား တာဝန်ယူဆောက်လုပ်မည့် ငွေဗူးသီးကုမ္ပဏီမှ တာဝန်ရှိသူများ စုစုပေါင်း ၁၈ ဦး တက်ရောက်ခဲ့ပြီး မင်္ဂလာချိန်တွင် တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ ပန္နက်တိုင်များကို ရိုက်သွင်းပေးခဲ့ကြသည်။
အဆိုပါ ကျောင်းဆောင်သစ်သည် (၉၆x၁၁၈) ပေအရွယ် RCC အမျိုးအစား (၁)ထပ် အဆောက်အဦဖြစ်ပြီး ပြည်ထောင်စုရန်ပုံငွေ ကျပ် ၄၈၀ ဒသမ ၈၉၆ သန်း အကုန်အကျခံကာ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)