မိုင်းခုတ် ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စုတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြသီတာဟန်၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်မြင့်မြင့်ထွန်း၊ ဦးရဲထက်သူနှင့် အငယ်တန်းအင်ဂျင်နီယာ-၃ ဦးကျော်သူမြင့်တို့က ဝမ်ပျက်ကျေးရွာနှင့် ဝမ်အင်ကျေးရွာတို့တွင် ခန်းမဆောင်ပြုလုပ်မည့် မြေနေရာရွေးချယ်သတ်မှတ်ထားသည့်နေရာတွင် ယမန်နေ့ညနေ့ (၃:၀၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခန်းမဆောင်သစ်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ပြည်ထောင်စုရန်ပုံငွေဖြင့် (၈.၂.၂၀၂၄) နေ့မှ (၂၈.၂.၂၀၂၄) ရက်နေ့ထိ အလျား(၄၈)ပေ၊ အနံ(၂၀)ပေ ငွေကျပ်သိန်း (၁၅၀)ကို (၂)ရွာအတွက် စုစုပေါင်း ကျပ်သိန်း (၃၀၀)ဖြင့် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)