ဖြူး ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုနေ့အကြောင်း ဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဟောပြောခဲ့ကြကြောင်း သိရသည်။
ထိုသို့ဟောပြောရာတွင် ကျောင်းသား၊ ကျောင်းသူကလေးများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်အိမာဟိန်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားရေးဦးတည်ချက်နှင့် စစ်မှန်သောမျိုးချစ်စိတ်ဓါတ်များ ရရှိစေရေးအကြောင်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)