မောက်မယ် ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌(၇၇)နှစ်မြောက်ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်နိဗ္ဗာန်စျေးပွဲတော်ကို ယမန်နေ့နံနက်၁၀နာရီတွင် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) စျေးတန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အနေဖြင့် နိဗ္ဗာန်စျေးပွဲတော်တွင် လ(ခွဲ)စျေးတန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် စေတနာရှင်အလှူရှင်များက ရှမ်းမုန့်ဟင်းခါး၊ ငါးထမင်းချဉ်၊ ကြာဆံကြော်၊ တို့ဟူးသုတ်၊ သာကူကျောက်ကျော၊ အချိုရည်ဗူး၊ သောက်ရေသန့် စသည့်စားဖွယ်စုံအမျိုးမျိုးတို့ကို နိဗ္ဗာန်စျေးပြုလုပ်၍ လှူဒါန်းခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူလူထုများက ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)