တာလေမြို့၌ သောက်သုံးရေလုံလောက်စွာဖြန့်ဝေနိုင်ရေး နတ်စင်ချောင်းတွင် Intake ရေစတင်ယူရာနေရာ ကွင်းဆင်းသတ်မှတ်

တာလေ ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့၌ မြို့ပေါ်ရပ်ကွက်နေပြည်သူများအား သောက်သုံးရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေးအတွက် နတ်စင်ချောင်းတွင် Intake တည်ဆောက်ခြင်း ရေစတင်ယူရာနေရာအား ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းက တာဝန်ရှိသူတို့ ကွင်းဆင်းကြည့်ရှု ရွေးချယ်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ (ကျိုင်းတုံ) မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုရာ တာလေမြို့စည်ပင်သာ ယာရေးဌာနမှ ဦးစီးမှူး ဦးမနားရွှီနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ရှင်းလင်းပြသပေးခဲ့ပြီး ဒုတိယအင်ဂျင်နီယာမှူးကြီးက နတ်စင်ချောင်းတွင် Catchment Area လုံလောက်၍ ပတ်ဝန်းကျင်မြေပြင် အနေအထားသင့်လျော်ကောင်းမွန်သော တည်နေရာကို ကွင်းဆင်းကြည့်ရှု၍ Intake ရေစတင်ယူရာနေရာအား ရွေးချယ်သတ်မှတ်ပေးခဲ့ပြီး Intake တည်ဆောက်ခြင်းနှင့် Intake မှ မူလပိုက်လိုင်းသို့ ၄ လက်မပိုက်သွယ်တန်းခြင်းလုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ လုပ်ငန်းများကို တာလေမြို့စည်ပင်သာယာရေးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေ(၉ ဒသမ ၅)သန်းဖြင့်  စတုတ္ထသုံးလပတ်အတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)