မိတ္ထီလာ ဖေဖော်ဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၌ Pfizer COVID-19 ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် ခရိုင်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်မှာ Pfizer COVID-19 ရောဂါကာကွယ် ထပ်ဆောင်းထိုးနှံပေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် ခရိုင်ကုသရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကုတင်(၂ဝဝ)ဆံ့ အထွေထွေ ရောဂါကုဆေးရုံ(မိတ္ထီလာ)မှာ ဆောင်ရွက်နေပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျန်းမာရေးဝန်ထမ်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း စုစုပေါင်း ၃၁၅ ဦးနဲ့ အသက် ၅ဝနှစ်နှင့် အထက် အခြားဝန်ထမ်း၅၉၅ ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဖြစ်ပါတယ်ဟု ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လာမည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စတင်ပြီး အသက် ၆၅နှစ်နှင့်အထက် ဒေသခံပြည်သူများအား Pfizer COVID-19 ရောဂါကာကွယ် ဆေးထပ် ဆောင်းထိုးနှံပေးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ