မိုင်းယန်းမြို့၌ ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ

မိုင်းယန်း ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့ နံနက် နာရီ က မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာအား မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်() ဦးစိုင်းလှိုင်ခမ်းက ဖတ်ကြားသည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားပြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၊ အတွင်းရေးမှူး ဦးစိုင်အောင်မိုင်းမှ ရှမ်းပြည်နယ်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအကျဉ်းကို ရှမ်းဘာသာစကားဖြင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။  

ထို့နောက် ရှမ်းတိုင်းရင်းသားယဉ်ကျေးမှု အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်ရှိ တိုင်းရင်းသားယဉ်ကျေးမှုအသင်းများအား ဂုဏ်ပြုထောက်ပံ့ငွေများကို တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး