တာချီလိတ် ဖေဖော်ဝါရီ ၇
ဖေဖော်ဝါရီ ၁၂ ရက်နေ့၌ ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဟောပြောပွဲ၊ နံရံကပ်ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့မွန်းလွှဲ (၃) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်မှ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေးရယူရန် အခြေခံတည်ခဲ့သည့် ပင်လုံစာချုပ်ချုပ်ဆိုခဲ့ပုံများအား ရှင်းလင်းပြောကြားပြီး၊ အထက်တန်းကျောင်း (တာချီလိတ်) ကျောင်းသား/ကျောင်းသူလေးများက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်မှတ်တမ်းဓာတ်ပုံများ၊ စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုအန္တရာယ်အကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်တစ်စား ကြည့်ရူ့လေ့လာခဲ့ကြကြောင်း သိရှိရသည်။
အေးအေးလတ်