ဒဂုံတောင် ဖေဖော်ဝါရီ ၈
မြို့နယ်အတွင်းရှိစက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာများ ကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးသတ်ဦးစီးဌာနမှ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းတည့် (၁၂) နာရီအချိန်ထိ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၂၃ ရပ်ကွက် စက်မှုဇုန်(၁)ရှိ စက်ရုံ၊ အလုပ်ရုံများ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် စက်ရုံ၊ အလုပ်ရုံဝန်ထမ်း (၁၅၀) ဦးအား အသိပညာပေး ဟောပြောမှုနှင့်အတူ မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းတို့ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်သူဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၅) ဦး၊ အရန်တပ်ဖွဲ့ဝင် (၅) ဦး၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ (၅) ဦး၊ စုစုပေါင်းအင်အား (၁၅) ဦးပါဝင်သော ပူးပေါင်းအဖွဲ့က စက်ရုံ၊ အလုပ်ရုံများ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးနည်းလမ်းများကို အကျယ်တဝင့် ဟောပြောအသိပညာပေးပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဂက် (စ်) မီးဖို၏ မီးတောက်မီးလျှံများ မီးငြှိမ်းသတ်နည်း၊ စက်သုံးဆီများ မီးလောင်ကျွမ်းမှုအပေါ် ငြှိမ်းသတ်မှုနည်းလမ်းများ၊ မီးသတ်ဆေးဘူးအသုံးပြုပုံများ၊ မီးသတ်ပိုက်ဖြင့်မီးငြှိမ်းသတ်ပုံတို့ကို တက်ရောက်လာသော စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။
သန်းသန်းအေး