ဟိုပုံး ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျင်းပမည့် စာမေးပွဲများကို အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် မူလသတ်မှတ်ထားသည့် စာစစ်ဌာနများမှ ပြောင်းလဲဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-4၊ Grade-6၊ Grade-7၊ Grade-8၊ Grade-10၊ Grade-11 စာမေးပွဲများအား (၁၃-၂-၂၀၂၄)ရက်နေ့မှ (၂၂-၂-၂၀၂၄)ရက်နေ့အထိ ကျင်းပမည့် စာမေးပွဲများကို ဘန်းယဉ်အုပ်စု၊ နောင်မွန်အုပ်စု၊ ပုံးအင်းအုပ်စုများရှိ ထက်၊ လယ်၊ မူကျောင်းများတွင်လည်းကောင်း၊ Grade-5 စာမေးပွဲများကို အ.ထ.က(နောင်မွန်)၊ အ.လ.က(နောင်မွန်)မြို့မ၊ အ.ထ.က (ဘန်းယဉ်)၊ အ.ထ.က(ဆိုင်လဲ)၊ အ.လ.က(လွယ်မွန်း)၊ အ.လ.က(ခွဲ)(ကျောင်းချယ်)၊ မူလွန်(ကွန်နား) စာစစ်ဌာနများနှင့် Grade-9 စာမေးပွဲများကို အ.ထ.က(နောင်မွန်)၊ အ.လ.က(နောင်မွန်)မြို့မ၊ အ.ထ.က(ဘန်းယဉ်)စာစစ်ဌာနများတွင် (၂၂-၂-၂၀၂၄)ရက်နေ့မှ (၂၇-၂-၂၀၂၄)ရက်နေ့အထိလည်းကောင်း၊ Grade-12 (တက္ကသိုလ်ဝင်တန်း)စာမေးပွဲအား (၁၁-၃-၂၀၂၄)ရက်နေ့မှ (၁၈-၃-၂၀၂၄)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဆီဆိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အ.ထ.က(၂)စာစစ်ဌာန ဟိုပုံးမြို့သို့ ပြောင်းလဲဖွင့်လှစ်ဖြေဆိုရမည်ဖြစ်ကြောင်း ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံမှ သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)