သံဖြူဇရပ်၌မြို့နယ်၌ အခြေခံပညာစာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးပြုလုပ်

သံဖြူဇရပ် ဖေဖော်ဝါရီ ၇

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ အခြေခံပညာစာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးကို ယန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးမှူးနှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာဆရာမများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်‌ရေးမှူးများ တွေ့ဆုံပြီး၊ ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ အေးချမ်းစွာဖြင့် စာမေးပွဲများအောင်းမြင်စွာကျင်းပနိုင်ရန် လုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့်စာစစ်ဌာန ရှိသည့်ကျောင်းများတွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်ဆရာဆရာမကြီးတို့က လိုအပ်သည့် အခက်အခဲများကို အတူတကွပေါင်းစပ်ညှိ့နှိုင်းဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် အခက်အခဲများကို မိမိတို့အနေဖြင့် ပေါင်းစပ်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင် တို့ကကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့်အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများရှိ ကျောင်းအုပ်ကြီးများက မိမိတို့သိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်တို့က ပြန်လည်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)