မုဒုံ ဖေဖော်ဝါရီ ၇
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အခြေခံပညာစာသင်ကျောင်းများ မီးဘေးအန္တရာယ်ကြို တင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့က အ.ထ.က (၁)၊ (၂) ကျောင်းများ၌ ကွင်းဆင်းစစ်ဆေး၍ မီးဘေးသရုပ်ပြသခြင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အင်ဂျင်နီယာ ဦးဝေလင်းတို့က စာသင်ကျောင်းအတွင်း မီးငြှိမ်းသတ်ရေးပစ္စည်းများနှင့် မီးသတ်ဆေးဘူး လုံလောက်စွာထားရှိမှု၊ ရေသိုလှောင်ကန်များထာရှိမှု အခြေအနေနှင့် ကျောင်းအတွင်း သွယ်တန်းထားသည့် လျှပ်စစ်ဝါယာကြိုများ စနစ်တကျရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ခံအား မီးဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး အသုံးပြုပုံနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)