မြောက်ဥက္ကလာပမြို့နယ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြား နိုင်သည့်ကျောင်းများသို့ Grade-9 တက်ရောက်ပြီးစီးသော ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ပညာ သင်ယူနိုင်မည့်အခွင့်အလမ်းကောင်းများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

မြောက်ဥက္ကလာပ  ဖေဖော်ဝါရီ   ၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားနိုင်သည့်ကျောင်းများသို့ Grade-9 တက်ရောက်ပြီးစီးသော ကျောင်းသား၊ကျောင်းသူများ ဆက်လက်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းကောင်းများအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်လောဟာက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားနိုင်သည့် ကျောင်းများသို့ Grade-9 တက်ရောက်ပြီးစီးသော ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ပညာသင်ယူနိုင်မည့်အခွင့်အလမ်းကောင်းများအကြောင်း အသိပညာပေး ပြောကြားခဲ့သည်။

ဆက်လက်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များနှင့် ပတ်သက်၍သက်ဆိုင်ရာဌာနအကြီး အကဲများမှ  ကျောင်းသား/ ကျောင်းသူများ သိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့ပြီး ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ အထက်တန်း၊ အထက်တန်း(ခွဲ)၊ အလယ်တန်းကျောင်းအုပ် (၁၆) ဦး၊ ဟောပြောသူနည်းပြ (၁၀) ဦး ဆရာ/ဆရာမဦးရေ     (၄၈) ဦး၊ ကျောင်းသား/သူဦးရေ  (၃၀၃)ဦး ၊ စုစုပေါင်း(၃၈၀)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)