စမ်းချောင်း ဖေဖော်ဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၁:၀၀)နာရီက ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ဟောပြောခဲ့သည်။
တို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ဒုတိယဦးစီးမှူး ဒေါ်နီလာစိုးက ပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးမှုရှိစေရန် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေပြီး ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိ စေရန် ဗဟုသုတတိုးပွားစေရန် စာဖတ်သည့် အလေ့အကျင်းကောင်းများရရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ အ-မ-က(၁၃) စမ်းချောင်းမှ ကျောင်းသား/ကျောင်းသူများ ၀င်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိကြသော ကျောင်းသား/ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူလေးများက ပြသထားသော အသိပညာပေးနံရံကပ်စာ စောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)