မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၃၂ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ   ဖေဖော်ဝါရီ   ၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၃၂ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာအုပ်စု ၃၂ အုပ်စု ကျေးရွာ ၃၂ ရွာတွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း ၄၈၀၊ ပြည်သူ ထည့်ဝင်ငွေ ကျပ်သန်း ၁၉၄.၄၇၀ ၊ စုစုပေါင်း ငွေကျပ်သန်း ၆၇၄.၄၇၀ ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ဂျင်းခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ် မှုအောက်ရှိ မိတ္ထီလာမြို့နယ်တွင် ကျေးရွာ ၁၀ ရွာ ၊ မလှိုင်မြို့နယ်တွင် ၈ ရွာ၊ သာစည်မြို့နယ်တွင် ၈ ရွာနှင့် ဝမ်းတွင်းမြို့နယ်တွင် ၆ ရွာတို့ကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ အဆိုပါကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

၄၆၉