မော်လမြိုင် ဖေဖေါ်ဝါရီ ၇
မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ပြည်သူများအတွက် သက်သာသောနှုန်းထားများဖြင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်စေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး၊မွေးမြူ၊ ထုတ်လုပ်၊ဖြန့်ဖြူးသူများက ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက နည်းပညာ တက္ကသိုလ် (မော်လမြိုင်) ကျောင်းဝင်းအတွင်း၌ ရောင်းချပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည်ရှု အားပေးခဲ့သည်။
ထို့နောက် အဆိုပါအခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းကို နည်းပညာတက္ကသိုလ် (မော်လမြိုင်) ကျောင်းအုပ်ကြီး၊ ဆရာ/ ဆရာမများ၊ ဝန်ထမ်းများနှင့် အဆောင်နေ ကျောင်းသား/ သူများက အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ဝယ်ယူအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်အောင်ဆောင်ရွက်ကာ ကုန်ထုတ်လုပ်သူများအနေဖြင့်လည်း အများပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးရန်လိုပါကြောင်း၊ နှစ်ပတ်တစ်ခါရောင်း ချနိုင်ရေးနှင့်ရေထွက်ပစ္စည်းငါး၊ ပုဇွန်များပါရောင်းချနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားပြီး လိုအပ်သည်များကိုတာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
စည်သူ (ပြန်/ဆက်)