ပင်လောင်းမြို့၌ (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်​ကြားခြင်း အခမ်းအနားပြုလုပ်

ပင်လောင်း ဖေဖော်ဝါရီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့၌ (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က မြို့နယ်ဘက်စုံသုံးခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသ​ရေစည်သူ၊ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား ပင်​လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ထက်က လည်းကောင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံမှ ပေးပို့သည့် (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးညီညီမင်းက ဖတ်ကြားခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ရေးမှူးများ၊ လူမှုရေးအသင်းဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်