ကလောမြို့နယ်၊ မြင်းက​ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ကွင်းဆင်းဆောင်ရွက်

ကလော ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြင်းကကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ရီက အဖွင့်အမှာစကားပြောကြားပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က  စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးတို့ကိုလည်းကောင်း၊ လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း​ကောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)