လွယ်ဂျယ် ပြန်/ဆက်ရုံး လူထုအခြေပြု ဗဟိုဌာန၌ ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

လွယ်ဂျယ် ဖေဖော်ဝါရီ ၇

ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့တွင် ကျင်းပသည်။

နံနက်ပိုင်းတွင် စာစီစာကုံးပြိုင်ပွဲကိုကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၉)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား  /ကျောင်းသူ (၁၁)ဦးတို့က ပြည်ထောင်စုနေ့ဒို့မမေ့ ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ နေ့လည်ပိုင်းတွင် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို ကျင်းပရာ ကျောင်းသား/ကျောင်းသူ (၁၁)ဦးတို့က ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများကို မြို့အုပ်ချုပ်ရေးမှူး၊ ဦးယဉ်မင်းထွန်း၊ နယ်မြေရဲစခန်းမှူး ဒုရဲမှူးမြဝင်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ထို့နောက် ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသော   နံရံကပ်စာစောင်များကို တက်ရောက်လာသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လွယ်ဂျယ် (ပြန်/ဆက်)