တပ်ကုန်းမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

တပ်ကုန်း ဖေဖော်ဝါရီ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ပြည်ထောင်စုနေ့အကြောင်း သိရှိလေ့လာမှတ်သားနိုင်ရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါစာစောင်တွင် ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားရေးနှင့် ပြည်ထောင်စုကြီးကို တည်ဆောက်ကာကွယ်ရေးဆောင်းပါး၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း (၂၃-၁-၁၉၄၆)ရက်နေ့တွင် ကျင်းပသော ဖဆပလပြည်လုံးကျွတ်ညီလာခံသဘင်ကြီးသို့ တင်သွင်းသည့် ညီညွှတ်ရေးအဆိုမှ ကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည့် ကိုယ်စားလှယ်အမည်များ၊ ကဗျာ၊ သရုပ်ဖော်ကာတွန်းနှင့် ဆောင်ပုဒ်များစသည့်  စိတ်ဝင်စားဖွယ် အကြောင်းအရာများ ကဏ္ဍစုံလင်စွာပါဝင်ကြောင်း သိရသည်။

တင်စိုးလွင်