မိုင်းခတ်မြို့နယ်၌ အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ စျေးပြိုင်စနစ်ဖြင့်ရောင်းချ

မိုင်းခတ် ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ စျေးပြိုင်စနစ်ဖြင့် ရောင်းချခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုး၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ (ကျိုင်းတုံ) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်‌တင်မေတို့က အမှာစကားပြောကြားပြီး၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအားဝေက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်စည်ပင်သာယာရေးဌာန၏ လိုင်စင်စည်းကမ်းချက်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ အကြောင်းရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မိုင်းခတ်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် (၄) ခုအနက် မြို့မ(ဝက်)သားသတ်လိုင်စင်၊ မြို့မ (အမဲ) သားသတ်လိုင်စင်၊ ပျံကျ‌ဈေးကောက်လိုင်စင်၊ မြို့ဝင်ဘီးခွန်ကောက်လိုင်စင်လုပ်ငန်းများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချခဲ့ပြီး လုပ်ငန်းရှင်များက အသီးသီးဝယ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ အရပ်ရပ်လုပ်ငန်းလိုင်စင်များကို အသီးသီးရောင်းချခဲ့ရာ လိုင်စင် (၄) ခုအနက် ကြမ်းခင်းဈေး ငွေကျပ် (၇၂၇ ဒဿမ ၇၀) သိန်းဖြင့် ရောင်းချခဲ့ရာ လိုင်စင်ငွေကျပ် (၁၆၈၅) သိန်းဖြင့် လိုင်စင်အောင်ဈေးရရှိခဲ့ပြီး (၂၇၂) ရာခိုင်နှုန်းတိုးမြှင့်ရရှိခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)