မိုင်းခုတ် ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီခွဲက ရပ်ကွက်များနှင့် ကုန်စုံအရောင်းဆိုင်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးသက်လွင်ဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မိုင်းခုတ်မြို့ပေါ် မိဘပြည်သူများအနေဖြင့် မိမိတို့နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်များထားရှိကြရန်၊ လျှပ်စစ်မီးအသုံးပြုရာတွင် အထူးသတိပြုကြရန်၊ မီးကြွင်းမီးကျန်များ မကျန်ရှိစေရေး စနစ်တကျ ငြိမ်းသတ်ကြရန်၊ မီးဖိုအနီး လောင်စာဆီနှင့် လောင်စာပစ္စည်းများမထားရန်၊ မီးသတ်ဆေးဘူးများအသင့်ထားရှိရန် စသဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို မီးဘေးကြိုတင်ကာကွယ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)