ဗန်းမော်မြို့ အ.ထ.က(၆)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ဗန်းမော် ဖေဖော်ဝါရီ ၆

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၆ ရက် နံနက်(၁၀)နာရီခွဲခန့်က အ.ထ.က(၆) အလံတိုင်ရှေ့ မြက်ခင်းပြင်တွင် ကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီးဦးထွန်းထွန်းဦးက ကျောင်းသား၊ ကျောင်းသူများကို ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ဩဝါဒစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးထွန်းက ကလေးသူငယ်အခွင့်အရေးများနှင့်ပက်သက်၍ ပြောကြားခြင်းဖြင့်လည်းကောင်း၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်မိမိမြတ်မှ“နေ့ထူးနေ့မြတ်များနှင့်စာဖတ်ခြင်း”အကြောင်း သိကောင်းစရာများ ပြောကြားပြီး၊ မြို့နယ်အားကစားမှူး ဦးသက်ပိုင်ထွန်းမှ“လူငယ်နှင့်အားကစား”အကြောင်း အသိပညာပေးပြောကြားကာ အားကစားပစ္စည်းနှင့်ဘောလုံး ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် အလယ်တန်းဆင့်ကျောင်းသူများက အေးရိုးဗစ်အကများဖြင့် ဖျော်ဖြေခဲ့ပြီး၊ အထက်တန်းဆင့်ကျောင်းသူများမှ Fitness Dance အကများဖြင့် ကပြဖျော်ဖြေခဲ့သည်။

ခရိုင်(ပြန်/ဆက်)