မုဒုံ ဖေဖော်ဝါရီ ၆
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် အသိပညာပေး ဟောပြောခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းနှင့် နံရံကပ်ပိုစတာ ပြသဆောင်ရွက်ခြင်းကို ယမန်နေ့က အ.မ.က (ကွမ်ကသောင်)စာသင်ကျောင်း၌ ပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏ ဆိုးကျိုးနှင့် အန္တရာယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အကြောင်းအရာများနှင့် ကျောင်းသား/သူများ လိုက်နာသင့်သည့် အချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ကျောင်းသား/သူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်ပိုစတာများကို ပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)