“ရှမ်းပြည်နယ်နေ့”အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်းသားရိုးရာ အမျိုးသား/အမျိုးသမီး လှေလှော်ပြိုင်ပွဲ ကျင်းပ

ညောင်ရွှေ ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် မိုင်းသောက်အင်းကျေးရွာနီးရှိ ရေလယ်ဗိုလ်တဲတွင် ၂၀၂၄ခုနစ်၊ ဖေဖော်ဝါရီလ()ရက်နေ့တွင် ကျရောက်မည့်  “ရှမ်းပြည်နယ်နေ့”အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်  အင်းသားရိုးရာ အမျိုးသား/အမျိုးသမီး လှေလှော်ပြိုင်ပွဲကို ဖေဖော်ဝါရီ(၅)ရက် မွန်းလွဲ (၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများလှေပြိုင်ပွဲဝင် အမျိုးသား/အမျိုးသမီးများ၊ ရပ်မိရပ်ဖများ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်အားပေးခဲ့ကြသည်။

လှေပြိုင်ပွဲတွင် အင်းလေးဒေသရှိ ကျေးရွာများမှ မျိုးဆက်သစ် ကျောင်းသားလူငယ်များ၏ အမျိုးသား(၄၆)တက်(၄)သင်း၊ အမျိုးသားရာကျော်လှေ(၄)သင်း၊ အမျိုးသား (၄၆)တက်(၄)သင်း၊ အမျိုးသမီး (၂၆)တက်(၄)သင်းနှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မျိုးဆက်သစ် ကျောင်းသားလူငယ်များ၏ အင်းသားရိုးရာ(၄၆) တက် လှေပြိုင်ပွဲတွင် ကေလာအသင်းမှ(ပထမ)၊ အိုင်ထောင့်ကြီး(က)အသင်းမှ (ဒုတိယ)၊ အိုင်ထောင့်ကြီး (ခ)အသင်းနှင့် ညောင်ဝန်းရှေ့အသင်းတို့မှ နှစ်သိမ့်ဆုများရရှိခဲ့ပြီး အမျိုးသားရာကျော်လှေပြိုင်ပွဲတွင် ရှေ့ဝကြီးအသင်းမှ (ပထမ)၊ အိုင်ထောင့်ကြီး (ခ)အသင်းမှ (ဒုတိယ)၊ မြောင်းဝကြီးအသင်းနှင့် အိုင်ထောင့်ကြီး (က)အသင်းတို့မှ နှစ်သိမ့်ဆုရရှိခဲ့ပြီး အမျိုးသား (၄၆)တက်လှေပြိုင်ပွဲတွင် ဝမ်းဘဲအင်းအသင်းမှ(ပထမ)၊ စည်သာအသင်းမှ(ဒုတိယ)၊ မိုင်းသောက်အင်းအသင်းနှင့် ကေလာအသင်းတို့မှ နှစ်သိမ့်ဆုများရရှိခဲ့ပြီး အမျိုးသမီး(၂၆)တက် လှေပြိုင်ပွဲတွင် ညောင်ဝန်း(ခ)အသင်းမှ(ပထမ)၊ အိုင်ထောင့်ကြီး အသင်းမှ(ဒုတိယ)၊ ညောင်ဝန်း(က)အသင်းနှင့် မိုင်းသောက်အင်းအသင်းတို့မှ နှစ်သိမ့်ဆုများ အသီးသီးရရှိခဲ့ကြသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ဆုများရရှိခဲ့ကြသည့် မျိုးဆက်သစ် ကျောင်းသားလူငယ်များနှင့် အမျိုးသား/အမျိုးသမီး လှေပြိုင်ပွဲဝင် အသင်းများအား တာဝန်ရှိသူများမှ အသီးသီးဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မောင်မောင် (ပြန်/ဆက်)