မူဆယ် ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ စွမ်စော်မူလတန်းလွန်ကျောင်း၌ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေလီလူမှု ကူညီရေးအသင်းတို့ပူးပေါင်း၍ အဟာဖြည့်အစားအစာများ ကျွေးမွေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ပြုလုပ်သည်။
မူဆယ်မြို့၊ စွမ်စော်မူလတန်းလွန်ကျောင်းက ကျောင်းသား/ကျောင်းသူ (၅၀၀) ကျော်အား အဟာရဖြည့် အစားအစားအဖြစ် ခေါက်ဆွဲပြုတ်၊ ဖက်ထုတ်ပြုတ်၊ ပန်းသီး၊ လိမ္မော်သီး၊ အဟာရချိုချဉ်များကို ကျွေးမွေးသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေလီလူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ရေရှည်တည်တံ့စေရန်နှင့် ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာပညာသင်ကြားစေရန်ရည်ရွယ်၍ အဟာရဖြည့် အစားအစာများကိုယ်တိုင်ပြုလုပ်ပြီး ပျော်ရွှင်စွာစားသုံးကြကြောင်း သိရှိရသည်။
မူဆယ်ခရိုင်(ပြန်ဆက်)