ဒဂုံတောင် ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊စက်ရုံဝန်ထမ်းများ၏ ဇီဝဆိုင်ရာအချက်အလက် (BiometricData) ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လဝကမှူး ဒေါ်တင်တင်ဦး ဦးဆောင်သော ဝန်ထမ်းအင်အား (၃) ဦးသည် King Lead ဖိနပ်စက်ရုံရှိ ဝန်ထမ်းတို့၏ (Biographic Data) နှင့် (Biometric Data) များ ကောက်ယူ၍ (Database) တွင် သိမ်းဆည်းပြီး ဂဏန်း (၁၀)လုံးပါဝင်သည့် Unique ID နံပါတ်များ သတ်မှတ်၍ စက်ရုံဝန်ထမ်းတို့၏ အချက်အလက်များကို ဆက်လက် ကောက်ယူရေး ဆောင်ရွက်လျက်ရှိကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
သန်းသန်းအေး