သာကေတ ဖေဖေဝါရီ ၅
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဋ္ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုကြီး ဦးဆောင်၍ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဥ် (၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက သာကေတမြို့နယ်၊အရှေ့ပိုင်းခရိုင် မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အရှေ့ပိုင်းခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုကြီးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် အရှေ့ပိုင်းခရိုင်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း သင်တန်းသား (၅၀)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းနည်းပြအဖြစ် မီးသတ်ဦးစီးအရာရှိ ဦးပြည့်စုံ ၊ ဦးစီးအရာရှိ ဦးဋ္ဌေးလင်းဦး၊ ဒုတိယ ဦးစီးမှူး ဦးငြိမ်းချမ်း၊ ဒုတိယဦးစီးမှူး ဦးနေဝင်းထွန်း တို့က ဖေဖော်ဝါရီ ၅ ရက်မှ ၁၇ ရက်ထိ၊ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီထိ အခြေခံကြိုးချည်နည်း၊ ကြိုးအသုံးပြု၍ ကယ်ဆယ်ရေးနည်းစနစ်များ၊ 25D Hydraulic Platform လေ့ကျင့်သင်ကြားခြင်း၊ Power Unit အသုံးပြုပုံ ရှင်းလင်းခြင်း၊ လေ့ကျင့်ခြင်းများ၊ ရေပြင် အသက်ကယ်လေ့ကျင့်သင်ကြားခြင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေစဥ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရွက်ခြင်းနှင့် ပြန်လည် နေရာချထားလေ့ကျင့်ခြင်း၊ အသက်ရှုကိရိယာအသုံးပြုခြင်းနှင့် အမှောင်ထုအတွင်း လှုပ်ရှားသွားလာခြင်း၊ Tri Port အသုံးပြုပုံ ထိန်းသိမ်းနည်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ရေတွင်းအသက်ကယ်၊ Power Assender ၊ Breaking / Breaching ၊ MA System များကို စာတွေ့၊လက်တွေ့များအဖြစ် သင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနား၌ ရန်ကုန်အရှေ့ပိုင်းခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုကြီး၊ အရှေ့ပိုင်းခရိုင်အတွင်းရှိ မီးသတ်ဦးစီးမှူးများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်း အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)