သပိတ်ကျင်းမြို့၌ ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား စည်ကားသိုက်​မြိုက်စွာ ကျင်းပ

သပိတ်ကျင်း ဖေဖော်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၊ ကဘဲ့ရပ်ကွက်၊ သစ်​​တောရုံးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၂၇.၁.၂၀၂၄) မှ (၅.၂.၂၀၂၄) ရက်နေ့အထိ (၉)ရက်တိုင် ရွတ်ဖတ်ပူဇော်ခဲ့သည့် ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သရက်တောကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇောတိပါလထံမှ ငါးပါးသီလဆောက်တည်ကာ အခမ်းအနားတွင် ကြွရောက်လာကြသည့် ဆရာတော်/သံဃာတော်များမှ မေတ္တာသုတ်တရားတော်များ ရွတ်ပွားသရဇ္စျယ်ခဲ့ပြီး ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခဲ့သည့် ဆရာတော်သံဃာတော်(၂၇)ပါးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ထို့နောက် ကဘဲ့ရပ်ကွက်၊ မဟာသိမ်တော်ကျောင်းတိုက်ဆရာတော်ဦးဉာဏ်ဏောဘာသမှ ပင့်ဖိတ်ထားသည့် နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ ကြွရောက်လာသည့် ဆရာတော်သံဃာတော်တို့အား ဆွမ်းဆန်စိမ်းနှင့်ဝတ္ထုငွေများ လောင်းလှူခဲ့ကြသည်။ 

အောင်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဝတ်ရွတ်အသင်းများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကုသိုလ်ရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)