မံစီ ဖေဖော်ဝါရီ ၅
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ဘုန်းတော်ကြီးသင်ပညာရေး (မူလွန်)ကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၅ ရက် နံနက် ၉ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဘက(မူလွန်)ကျောင်း တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ပြာသိုင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြသက်ဦးက “ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ လူငယ်နှင့်လက်ဆင့်ကမ်းတာဝန်’’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အား/ကာမှူး ဦးစိုးဝင်းသန်းက “လူငယ်နှင့်ခေါင်းဆောင်မှု”ခေါင်းစဉ်ဖြင့် လည်းကောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်က “မီးလောင်ရခြင်း ၊ မီးငြိမ်းသတ်ခြင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်း”ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့ကြောင်းသိရ သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ တာဝန်ခံကျေင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ကြောင်းနှင့် ပြန်/ဆက်ဦးစီးဌာနမှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး နံရံကပ်စာစောင်များကို ပြသရာ ကျောင်းသူ/သား(၂၃၀)ဦးခန့် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)